Internet မရှိမှဆော့လို့ရမယ့် Google Chrome ရဲ့ လျှို့ဝှက် GAME
A U D I E N C E Internet မရှိမှဆော့လို့ရမယ့် Google Chrome ရဲ့ လျှို့ဝှက် Game Google Chrome ရဲ့ လျှို့ ဝှက်ဂိမ်း အင်တာနက်ရှိမှ ဆော့လို့ရတဲ့ Game ဘဲကြားဖူးပါတယ်။ သူ့ ကျမှ အင်တာနက် မရှိမှ ဆော့လို့ရမှာဆိုတော့ နည်းနည်းတော့ ထူးဆန်းပါတယ်။ အဲဒီဂိမ်းကို ဆော့ ချင်တယ်ဆိုရင် အင်တာနက် ရနေရင်တောင်မှ အင်တာနက် ပိတ်ပြီးတော့ ဆော့ရမှာပါ။ ဂိမ်းဆော့လို့ရဖို့ လိုအပ်တာတွေကတော့ – ၁။ Google Chrome browser ရှိရပါမယ်။ ၂။ အင်တာနက် မရှိမှ ရပါမယ်။ (ရှိရင်လည်း ပိတ်ထားရပါမယ် ) Browser တွေထဲမှာ Google Chrome က တော်တော်လေး သုံးလို့ကောင်းပါတယ်။ ကျွန်တော်လည်း Google Chrome ကို သုံးတာပါ။ အင်တာနက်မရတဲ့အချိန် Chrome browser ကို ဖွင့်လိုက်မယ်ဆိုရင် dinosaur ( ဒိုင်နိုဆော) တစ်ကောင်ကို တွေ့ရမှာပါ။ အဲဒီ ( ဒိုင်နိုဆော ) က ဆော့လို့ရတဲ့ game တစ်ခုပါပဲ။ ဖုန်းပေါ်မှာ ဘယ်လိုဆော့ရမလဲ ? စိတ်ဝင်စားသွားလို့ ဆော့ချင်တယ်ဆိုရင် ဘယ်လိုဆော့ရမယ်ဆိုတာကို ပြောပါမယ်။ အရင်ဆုံး အင်တာနက်ရနေရင် ပိတ်လိုက်ပါ။ Chrome browser ကို ဖွင့်လိုက်ပါ။ ပြီးရင် website တစ်ခုခု ( Eg-www.google.com) ကိုဖွင့်လိုက်ပါ။