Internet မရှိမှဆော့လို့ရမယ့် Google Chrome ရဲ့ လျှို့ဝှက် GAME
A U D I E N C E
Google Chrome ရဲ့ လျှို့ဝှက်ဂိမ်း
အင်တာနက်ရှိမှ ဆော့လို့ရတဲ့ Game
ဘဲကြားဖူးပါတယ်။ သူ့ကျမှ အင်တာနက် မရှိမှ ဆော့လို့ရမှာဆိုတော့
နည်းနည်းတော့ ထူးဆန်းပါတယ်။ အဲဒီဂိမ်းကို ဆော့ချင်တယ်ဆိုရင် အင်တာနက် ရနေရင်တောင်မှ အင်တာနက်
ပိတ်ပြီးတော့ ဆော့ရမှာပါ။ ဂိမ်းဆော့လို့ရဖို့
လိုအပ်တာတွေကတော့ –
၁။ Google Chrome browser ရှိရပါမယ်။
၂။ အင်တာနက် မရှိမှ ရပါမယ်။ (ရှိရင်လည်း ပိတ်ထားရပါမယ်)
Browser တွေထဲမှာ Google Chrome က တော်တော်လေး သုံးလို့ကောင်းပါတယ်။ ကျွန်တော်လည်း
Google Chrome ကို သုံးတာပါ။
အင်တာနက်မရတဲ့အချိန် Chrome browser ကို ဖွင့်လိုက်မယ်ဆိုရင်
dinosaur (ဒိုင်နိုဆော) တစ်ကောင်ကို တွေ့ရမှာပါ။ အဲဒီ (ဒိုင်နိုဆော)က ဆော့လို့ရတဲ့ game တစ်ခုပါပဲ။
ဖုန်းပေါ်မှာ ဘယ်လိုဆော့ရမလဲ?
စိတ်ဝင်စားသွားလို့ ဆော့ချင်တယ်ဆိုရင် ဘယ်လိုဆော့ရမယ်ဆိုတာကို ပြောပါမယ်။ အရင်ဆုံး
အင်တာနက်ရနေရင် ပိတ်လိုက်ပါ။ Chrome browser ကို
ဖွင့်လိုက်ပါ။ ပြီးရင် website တစ်ခုခု (Eg-www.google.com)
ကိုဖွင့်လိုက်ပါ။ ဖုန်းနဲ့ဆိုရင်တော့ အောက်ပါအတိုင်း မြင်နေရပါမယ်။
Getting Start |
မြင်ရတဲ့
စာမျက်နှာပေါ်က ဒိုင်နိုဆောလေးကို လက်နဲ့ တို့လိုက်ပါ။ ပြီးရင် Game စဆော့လို့ရပါပြီ။ ဆော့ရင်းနဲ့ တဖြည်းဖြည်း မြန်လာလို့ ကျွန်တော်ကတော့ အမှတ် 700 ကျော်မှာခဏခဏ Game
over ဖြစ်ပါတယ်။
Gamr Over |
Computer မှာ ဘယ်လိုဆော့ရမလဲ?
Computer မှာ ဆော့ချင်သူများအတွက်လည်း
လွယ်ပါတယ်။ ဒိုင်နိုဆောကို သွားပြီး click လုပ်ရင်တော့ ဘာမှ ဖြစ်မှာမဟုတ်ပါဘူး။ Computer မှာ Game ဆော့ရင် အပေါ်ခုန်တဲ့ ခလုတ်တွေဖြစ်တဲ့ Space bar တို့
အပေါ်မျှားတို့ကို နှိပ်မှရပါမယ်။ ဂိမ်းစလို့
ခုန်မယ်ဆိုရင်လည်း အဲဒီ ခလုတ်တွေ နှိပ်ပြီး ဆော့နိုင်ပါတယ်။
Comments
Post a Comment