About space suits

A U D I E N C E

Things you should know about space suit

 Space suit အာကာသဝတ်စုံ တွေဟာ လူသားတွေ အာကာသထဲကိုရောက်တဲ့အခါမှာ မတူညီတဲ့ပတ်ဝန်းကျင်အခြေအနေကိုကာကွယ်နိုင်ဖို့အတွက် ဝတ်ဆင်ကြပါတယ်။ ၁၉ရာစုနှစ်တွေမှာ အာကာသဝတ်စုံကိုစတင်တီထွင်ခဲ့ပါတယ်။ ၁၉၃၅ခုနှစ်မှာ စပိန်လူမျိုး အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Emilio Herrera က ဖိအားအပြည့်နဲ့ပြုလုပ်ထားတဲ့ stratonautical spacusuit ကိုတီထွင်ခဲ့ခြင်းဟာ အာကာသဝတ်စုံဖြစ်ပေါ်လာရတဲ့ သမိုင်းကြောင်းအစပဲဖြစ်ပါတယ်။

၁. အာကာသဝတ်စုံကို spacecraft အတွင်းမှာဝတ်ဆင်ကြပါတယ်။
Spacesuit တွေကို အာကာသထဲမှာတင်ဝတ်ကြတာမျိုးမဟုတ်ပဲ ယာဉ်ပျံအတွင်းမှာလည်း ဝတ်ဆင်ကြပါတယ်။အာကာသဝတ်စုံအမျိုးအစား (၂)မျိုးရှိပါတယ်။ ပထမတစ်မျိုးက spacecraft လွှတ်တင်စဉ်၊ ပြန်တက်စဉ်၊ ကမ္ဘာ့လေထုထဲကိုဝင်ရောက်ချိန်၊လေယာဉ်ဆင်းသက်စဉ်တွေမှာ ဝတ်ဆင်ကြပါတယ်။ နောက်တစ်မျိုးကတော့ အာကာသထဲမှာဝတ်ဖို့အတွက်ဖြစ်ပါတယ်။ (၂)မျိုးစလုံးဟာ အာကာသယာဉ်မှူးများကို mission ပြုလုပ်စဉ်အတွင်း အန္တရာယ်မှ ကာကွယ်ရန်အတွက် ပြုလုပ်ထားပါတယ်။

၂. အလွယ်တကူမဖောက်ထွက်နိုင်ပါဘူး။
Spacesuit တွေဟာ အာကာသထဲမှာမျောနေတဲ့ ဥက္ကာခဲလေးတွေ၊ အခြား အာကာသအစိုင်အခဲများတိုက်မိခြင်း အန္တရာယ်မှကာကွယ်ပေးပါတယ်။ ထိုအရာတွေဟာ အာကာသထဲမှာ တစ်နာရီကို ကီလိုမီတာ ၂၇၀၀၀ ကျော်နဲ့အရှိန်ပြင်းစွာ မျောနေပြီး အာကာသယာဉ်မှူးများကို တိုက်မိပါက အနာတရဖြစ်နိုင်ပါတယ်။

၃. အပိုလိုအာကာသဝတ်စုံများ
Apollo spacesuit တွေမှာ ဖိနပ် boots တွေပါဝင်ပါတယ်။ Boots တွေဟာ အာကာသထဲကို ဆင်းပြီးအခါမျိုးမှာ လျှောက်နိင်ဖို့အတွက် ပါဝင်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် extra-vehicular activities လို့ခေါ်တဲ့ အပိုယာဉ်ပျံတွေနဲ့ပတ်သတ်ပြီးလုပ်ဆောင်ရတဲ့အခါမှာ ဝတ်တဲ့ဝတ်စုံမှာတော့ boots မပါပါဘူး။လက်ရှိမှာဝတ်ဆင်နေတဲ့ အာကာသဝတ်စုံတွေကတော့ Space Shuttle နဲ့ International Space Station ရဲ့ပြင်ပမှာ ဝတ်ဖို့အတွက် zero gravity ပတ်ဝန်းကျင်မှာအဆင်ပြေဖို့ ပြုလုပ်ထားတဲ့ဝတ်စုံများပဲဖြစ်ပါတယ်။

၄. Radiation မှကာကွယ်ပေးတယ်။
ဝတ်စုံတွေရဲ့အဓိကလုပ်ဆောင်ချက်နောက်တစ်ခုက solar radiation တွေက ဝတ်ဆင်သူကိုကာကွယ်ပေးဖို့ပါ။ကမ္ဘာပေါ်မှာတော့ ကမ္ဘာ့သံလိုက်စက်ကွင်းက ကာကွယ်ပေးထားပေးမယ့် အာကာသထဲမှာက အကာအကွယ်မရှိပါဘူး။ အာကာသဝတ်စုံတွေက အာကာသယာဉ်မှူးတွေကို solar radiation တွေက လုံးဝကာကွယ်ပေးနိုင်ခြင်းမျိုးမဟုတ်ပေမယ့် အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်တယ်။

၅. spacesuit အတွင်းမှာ အညစ်အကြေးများကို ထိန်းသိမ်းဖို့အတွက် လိုအပ်ပါတယ်။
ဝတ်စုံအတွင်းမှာ အညစ်အကြေးများစွန့်ထုတ်ဖို့အတွက် အိတ်ငယ်လေးတွေပါရှိတဲ့အပြင် ရေသောက်ဖို့အတွက် အိတ်သပ်သပ် လည်းထည့်ပေးထားပါတယ်။

၆. Spacesuit တွေဟာ constant volume တစ်ခုကိုထိန်းထားဖို့လိုပါတယ်။
အာကာသယာဉ်မှူးတွေဟာ ဝတ်စုံဝတ်ထားပြီး လှုပ်ရှားရတဲ့အခါမျိုးမှာ ဝတ်စုံအတွင်းက ဖိအား volume က အမြဲတမ်းပုံသေဖြစ်နေဖို့လိုတယ်။ ထိုမှသာ လှုပ်ရှားတဲ့အခါမှာ အားအရမ်းမစိုက်ပဲ သွားလာရလွယ်ကူနိုင်မှာဖြစ်ပါတယ်။

၇. Spacesuit ဟာ ဝတ်စုံအတွင်းရှိ ဖိအားကို ထိန်းညှိပေးတယ်။
Spacesuit ရဲ့ အဓိကလုပ်ဆောင်ချက်က ခန္ဓာကိုယ်ကို ပြင်ပကဖိအားများ မပေးနိုင်စေရန်ကာကွယ်ပေးခြင်းဖြစ်ပါတယ်။ဝတ်စုံအတွင်းဖိအားကို ဆွဲဆန့်နိုင်တဲ့ရာဘာလိုမျိုး ပစ္စည်းတွေကိုအထပ်ထပ်သုံးခြင်း သို့မဟုတ် ဖိအားပေးပြီးသားအောက်ဆီဂျင်ကိုအသုံးပြုခြင်းမှရနိုင်တယ်။ ထိုဖိအားဟာကမ္ဘာ့လေထုဖိအားထက် ပိုနည်းနိုင်တဲ့အပြင် အာကာသယာဉ်မှူးများ လွယ်ကူစွာသွားလာလှုပ်ရှားနိုင်ပါတယ်။

၈. အာကာသထဲမှာ spacesuit မရှိလည်း ချက်ချင်းမသေဆုံးနိုင်သေးပါဘူး။
spacesuit မပါပဲ အနည်းဆုံး ၁၅စက္ကန့်ခန့်အသက်ရှင်သန်နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့အပူချိန်က ချက်ချင်းမလျော့ကျသေးတဲ့အပြင် ကိုယ်တွင်းမှာ ဖိအားတွေရှိနေပါသေးတယ်။

၉. ပထမဆုံးအာကာသဝတ်စုံ
အာကာသထဲကိုပထမဆုံးရောက်ရှိခဲ့တာက ရုရှားတွေပါ။ အာကာသယာဉ်မှူး Yuri Gagarin ဝတ်ဆင်ခဲ့တဲ့ Soviet SK-1 က ပထမဆုံးအာကာသဝတ်စုံပဲဖြစ်ပါတယ်။

၁၀. အာကာသဝတ်စုံများတွေ လေယာဉ်ပျံသန်းစဉ်ဝတ်ဆင်တဲ့ flight suit တွေကနေ စတင်ပါတယ်။
Flight suit တွေကို တိုက်လေယာဉ်တွေ အမြင့်ကို ပျံသန်းစဉ်မှာ အသုံးပြုကြပါတယ်။ Armstrong line လို့ခေါ်တဲ့ လေထုဖိအားရဲ့အထက်ကိုရောက်ရှိတဲ့အခါမှာ ထိုလေထုမှာ ပျံသန်းနိုင်ဖို့အတွက် ဖိအားပါဝင်တဲ့ဝတ်စုံကိုဝတ်ဆင်ဖို့လိုပါတယ်။ ၁၉၃၀ ဝန်းကျင်က flight suit တွေဟာ ၁၉၆၀ နှစ်တွေမှာသုံးတဲ့ spacesuit တွေရဲ့အစပါပဲ။

ကိုးကားမျှဝေသည်။











Comments