Wifi လိုင်း ကောင်းကောင်း သုံးနိုင်ဖို့ အတွက် သတိထားရမယ့် အချက်များ

A U D I E N C E

Wifi လိုင်း ကောင်းကောင်း သုံးနိုင်ဖို့ အတွက် သတိထားရမယ့် အချက်များ


ဒီခေတ်ကြီးမှာ wifi ကို အိမ်အများစုမှာတပ်ဆင်ထားလာကြပါပြီ။ တခါတလေမှာ wifi လိုင်းမကောင်းတာမျိုးက signal မကောင်းလို့ဖြစ်စေ၊ တပ်ဆင်ထားတဲ့ company ရဲ့ router’s setting ကြောင့်ဖြစ်စေ၊ မိမိတို့အိမ်မှာရှိတဲ့ အိမ်ထဲမှာရှိတဲ့အသုံးအဆောင်ပစ္စည်းတွေကြောင့်ဖြစ်စေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတော်များများက အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေ၊ ပရိဘောဂတွေကြောင့် လိုင်းမမိစေတာကိုတော့ သတိမထားမိကြပါဘူး။ ဒါကြောင့် wifi connection မမိတဲ့အကြောင်းအရင်းတွေနဲ့ ရှောင်ရှားရမယ့်အချက်တွေကို ဖော်ပြပေးသွားပါမယ်။

သတ္ထုနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေ
ခုနောက်ပိုင်း အိမ်တွေအတော်များများမှာ အလူမီနီယမ်၊ ဒါမှမဟုတ် သတ္ထုနဲ့လုပ်ထားတဲ့ စာအုပ်စင်၊ ပရိဘောဂတွေရှိကြမှာပါ။ သတ္ထု (metal) ဟာလျှပ်စစ်ကူးနိုင်ပါတယ်။ Wifi ကနေ electromagnetic waves တွေထုတ်လွှတ်လိုက်တဲ့အခါမှာ အိမ်ထဲမှာရှိတဲ့ metal နဲ့ပြုလုပ်ထားတဲ့အသုံးအဆောင်ပစ္စည်းတွေက ဒီလှိုင်းတွေကို နှောင့်ယှက်ပါတယ်။ ဒါကြောင့် သတ္ထုနဲ့ပြုလုပ်ထားတဲ့ပရိဘောဂတွေနားမှာ router ကိုမထားဖို့၊ စင်တွေပေါ်မှာ router ကိုမတင်မိဖို့လိုအပ်ပါတယ်။

၁. နံရံတွေ
ဘိလပ်မြေ၊ကွန်ကရိ၊ ပလာစတာ၊ အုပ် စတဲ့အရာတွေနဲ့ ပြုလုပ်ထားတဲ့ နံရံတွေက connection မမိစေပါဘူး။ ဒါကြောင့် အထပ်မြင့်အိမ်တွေမှာ အထပ်မြင့်မှာရှိရင် connection မမိတတ်ပါဘူး။ ဒါကလည်း connection မမိတတ်တဲ့အကြောင်းအရင်းတစ်ခုပါ။ နံရံတွေနဲ့ အလှမ်းဝေးတဲ့နေရာမှာထားတာက လိုင်းပိုမိစေပါတယ်။

၃. ရေခဲသေတ္တာ၊ အဝတ်လျှော်စက်
ဒါကတော့ ဘယ်သူမှထင်မထားတဲ့အရာတွေပါပဲ။ ရေခဲသေတ္တာနဲ့အဝတ်လျှော်စက်က လျှပ်စစ်ကိုသုံးပြီး ရေကိုလှည့်ပတ်စေပါတယ်။ ဒီလိုရေတွေ၊ နောက်ရေစီးဆင်းတဲ့ပိုက်တွေက connection ကို ယူထားသလိုဖြစ်ပြီးတော့ နှောင့်နှေးစေပါတယ်။ ရေခဲသေတ္တာနဲ့အဝတ်လျှော်စက်တွေနဲ့နားမှာလည်း router ကိုမထားသင့်ပါဘူး။

၄. Christmas lights
ခုလို တဖျတ်ဖျတ်လက်နေတဲ့ မီးသီးတွေ၊ မီးလုံးတွေထဲမှာရှိတဲ့ chips အပြားလေးတွေက သံလိုက်လှိုင်းကိုထုတ်ပေးပါတယ်။ ဒီသံလိုက်လှိုင်းတွေက routerက ထုတ်လွတ်လိုက်တဲ့ လျှပ်စစ်လှိုင်းကို ဆွဲယူလိုက်ပါတယ်။ ဒါကြောင့် connection မမိတာ၊ လိုင်းမကောင်းတာတွေဖြစ်စေနိုင်ပါတယ်။ ဘုရားမီးလိုမျိုး၊ Christmas tree မှာချိတ်ထားတဲ့ မီးလုံးလေးတွေနားမှာ router မထားမိဖို့လည်း လိုပါတယ်။

၅. Baby monitor ကလေးစောင့်ကြည့်ကိရိယာ
ကလေးစောင့်ကြည့်တဲ့ကိရိယာက Wifi အတူတူပဲ 2.4 GHz ကြိမ်နှုန်း ထုတ်လွတ်ပါတယ်။ ခုလို လှိုင်းပမာဏတူညီတဲ့စက်နှစ်ခုကို အတူတူထားမိတဲ့အခါမှာ သူတို့ရဲ့ data တွေကိုပို့ဖို့ လှိုင်းတွေအစား လေကိုပဲ အသုံးပြုရပါတော့တယ်။ wireless connection သုံးသလိုမျိုးပေါ့။ ကျွန်တော်တို့က လေထဲကလာတဲ့ connectionကို စွဲယူသုံးတာလိုမျိုးပါပဲ။ ဒါက connection မမိစေဘူး။ ဒါကြောင့် ခုလို တူညီတဲ့ waves ပမာဏထုတ်လွတ်တဲ့ စက်၂နှစ်ခုကို အတူတူမထားမိဖို့လိုပါတယ်။

၆. Drones
Drone တွေကလည်း wifi နဲ့အတူတူ 2.4 GHz ကိုထုတ်ပါတယ်။ ဒါပေမယ့် ဒီလို connection အတူတူထုတ်တယ်ဆိုတိုင်း connection မကောင်းစေတာမဟူတ်ပါဘူး။ Drone ရဲ့ model နဲ့ သူ့ထဲမှာပါတဲ့ function တွေပေါ်မှုတည်ပြီး connection ကိုအနှောင့်အယှက်ဖြစ်စေတာပါ။

၇. Microwave မီးဖို
Microwave ကလည်း wifi ကထုတ်ပေးတဲ့ ကြိမ်နှုန်းနဲ့ အတူတူပဲထုတ်ပေးပါတယ်။ တကယ်လို့ router ကို microwave ထက်တဆင့်မြင့်တဲ့နေရာမှာ ထားမိရင် Microwave ကထုတ်တဲ့ connection တွေကြောင့် လိုင်းမမိတာ ၊ မကောင်းတာမျိုးဖြစ်တတ်ပါတယ်။

Wifi connection ကောင်းကောင်း သုံးနိုင်ဖို့ အတွက် သတိထားရမယ့် အချက်တွေကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။Wifi connection ပိုကောင်းအောင် router ကိုဘယ်နားမှာထားမလဲ၊ connection ပိုကောင်းအောင် ဘယ်လိုတွေလုပ်မလဲဆိုတာတွေကိုနောက်ထက် Post တစ်ခုမှာဆက်လက်တင်ပြပေးသွားပါမယ်။


Comments