Myanmar History




မြန်မာ့သမိုင်း

မြန်မာ့သမိုင်းကိုရေးမည်ဆိုလျှင် မနုဿအကြိုသမိုင်းကိုရေးရန်ပင် အတော်ပင်ခက်ခဲမည့်သဘောမှာရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာ ဟုဆိုလျှင် ဗမာတစ်မျိုးတည်း မဟုတ်သည့်အပြင် တိဗက်တို-မြန်မာ အုပ်စုဝင်အနွယ်များသာမက မွန်ခမာအုပ်စုများ၊နှင့် အခြားသော လူမျိုးများ၏ အရေးကိုလည်း လျစ်လျူရှုသည် မရှိရလေအောင် ရေးသားနိုင်ပါမှသာ ပြည့်စုံသည့် မြန်မာ့သမိုင်းကို ရေးသားသည်ဟု သတ်မှတ်နိုင်ပေမည်။ အဓိက အုပ်စုကြီးအဖြစ် တိဗက်တို-မြန်မာ အုပ်စုဝင်များကို ဦးစားပေးလျက် အခြားအုပ်စု များကို လေ့လာရှာဖွေပြီး လစ်ဟင်းသည် မရှိစေရန် ရေးမည်ဆိုလျှင် အတော်ပင် ကျယ်ပြန့်လွန်းအားကြီးသကဲ့သို့ အတော်လည်း ဝန်ကြီးလွန်းသည် ဖြစ်မည်အမှန်ပင်။

Comments